Sunday, September 23, 2007

Happy Engineers Day

Without Aeronautical Engineers

Without Electronics Engineers
Without Mechanical Engineers
Without Civil Engineers
Without Communication Engineers
Without Computer Engineers

Read More...

Thursday, September 20, 2007

Jokes from my friend






Read More...

Wednesday, September 12, 2007

Brazilian Bed Advertisements






Read More...

wqdlitd.exe shulbhs.exe

IF
you see above two unknown .exe in Task Manager Processes..
try below tools to remove...

PREVX Agent
http://spywarefiles.prevx.com/RRCIHJ41634972/RXMOEFA.EXE.html
System Repair Engineer
http://www.download.com/System-Repair-Engineer-SREng-/3000-2094_4-10707167.html?tag=lst-0-1

Read More...

Remove Ravmon Virus

R
avmon Virus
Right click any drive on your computer and see if right click menu shows some invalild characters like this....


If yes then you are infected with Ravmon.exe virus.

The Ravmon virus does also corrupt your Folder Options. So when you open Folder Options and try to check “Show hidden files and folders” and click ok. My Computer will not show hidden files, also “Hide protected operating system files (Recommended)” option will not be working.


How to remove ????

1.Using removal tool
See detail:
http://technodigits.wordpress.com/2007/06/06/ravmon-virus-killer/
Download link http://www.box.net/shared/1iaqi74qoe

2. Manually remove virus
http://fkn1337.com/remove-ravmonexe-virus-without-any-anti-virus/
http://technodigits.wordpress.com/2007/07/24/how-to-manually-remove-viruses-from-your-system/

Read More...

Friday, September 7, 2007

ဆေးပညာနှင့်ပတ်သက်သော အယူအဆအမှားများ(၃)

လူတချို့လက်ခံထားကြသော အယူ အဆတစ်ခုမှာ ‘ကိုယ်အပူချိန်တက်၍ ဖျား နေလျှင် အဖတ်မစားရ’ သည့်အချက်ဖြစ် ပါသည်။ လူတစ်ယောက်ဖျားလျှင် အဖတ် မကျွေးဘဲ ထားကြသည်။ ကလေးငယ် များဖျားလျှင်လည်း ထို့အတူပင် အဖတ် မကျွေးဘဲအရည်သာတိုက်တတ်ကြသည်။ ဖျားလျှင် ထမင်းမကျွေးတော့။ လက်ဖက် ရည်၊ ကော်ဖီ၊ နွားနို့စသည်တို့ကိုသာ သောက်စေသည်။ အဖတ်စားခြင်း၊ ထမင်း စားခြင်းသည် ဖျားနာမှုကို ပိုဆိုးစေသည်၊ ပို၍ရှည်ကြာစေသည်ဟုလက်ခံထားတတ် ကြသည်။

ဤအယူအဆမှာလည်း မှားယွင်း သောအယူအဆဟုပင်ဆိုနိုင်ပါသည်။ ဖျား နေသောကလေးတစ်ဦးအား တချို့သော အခြေအနေမျိုးမှအပ အဖတ်စားစေနိုင်ပါ သည်။ ထမင်းကျွေးနိုင်ပါသည်။ လူကြီး တစ်ဦးဖျားလျှင်လည်း နှစ်သက်ရာအစား အစာကို စားနိုင်ကြပါသည်။ ခြွင်းချက် အနည်းငယ်သာရှိပါသည်။

ကိုယ်အပူချိန်တက်ခြင်း(ဖျားခြင်း) မှာ ခန္ဓာကိုယ်တွင်းရောဂါပိုးမွှားများ ဝင် ရောက်မှု သို့မဟုတ်ဓာတ်မတည့်မှုကြောင့် ဖြစ်နိုင်ပါသည်။ ဝင်ရောက်လာသော ရောဂါပိုးမွှားများကို ခန္ဓာကိုယ်၏ဇီဝကမ္မ တုံ့ပြန်မှုကြောင့် ခန္ဓာကိုယ်အပူချိန်မြင့် တက်လာခြင်းဖြစ်သည်။ ဖျားနေသောသူ တစ်ယောက်အဖို့ ခန္ဓာကိုယ်အတွက် စွမ်း အင်လိုသည်။ ခုခံစွမ်းအားစနစ် ခိုင်မာဖို့ အရေးကြီးသည်။ အစာအာဟာရပြည့်ဝမှ သာ ရောဂါကိုထိရောက်စွာ တိုက်ဖျက် သွားနိုင်မည်။ အရည်မျှသာ တိုက်ကျွေး ခြင်းဖြင့် အာဟာရပြည့်ဝစွာရရှိနိုင်မည် မဟုတ်ပါ။ အာဟာရချို့တဲ့လျှင် ခန္ဓာ ကိုယ်ခုခံစွမ်းအားလည်း ညံ့ဖျင်းသွားမည် ဖြစ်သည်။ လူတစ်ယောက် နေထိုင် မကောင်းစဉ် သာမန်အချိန်ထက်ပင် အာဟာရ ပိုမိုလိုအပ်မည်ဖြစ်သည်။ ခြွင်း ချက်တချို့မှအပ ဖျားသောလူတစ်ယောက် အဖို့ အစားအစာများကို ပုံမှန်စားသောက် နိုင်ပါသည်။ အထူးရှောင်ရန်မလိုပါ။

ခြွင်းချက်ဆိုသည်မှာ ဥပမာအားဖြင့် အစာအိမ်ရောင်ခြင်း၊ အူရောင်ငန်းဖျား (တိုက်ဖွိုက်)ဖြစ်ခြင်းတို့တွင် အစာလမ်း ကြောင်းကိုအနားပေးလိုသည်။ အစာလမ်း ကြောင်း အနားပေးခြင်းဖြင့် ရောင်းရမ်းမှု နှင့် အနာများသက်သာပျောက်ကင်းမှု လျင်မြန်စေမည်။ ထိုသို့သောအခါမျိုးတွင် အဖတ်မစားဘဲ နေသင့်က နေရမည်ဖြစ် ပေသည်။

ဆက်လက်၍ အယူအဆအမှား တစ်ခုတင်ပြလိုသည်မှာ အားဆေး သောက်ခြင်းနှင့်ပတ်သက်၍ဖြစ်ပါသည်။ အားဆေးသည် သာမန်အားဖြင့် မှီဝဲရန် မလိုပါ။ သို့သော် တချို့သောအခြေအနေ များတွင် သုံစွဲမှီဝဲရန် လိုအပ်ပါသည်။ အား ဆေးများတွင် အများအားဖြင့် ဗီတာမင် များနှင့်သတ္တုဓာတ်များပါဝင်ကြသည်။ အားဆေးကို ကြီးထွားဖွံ့ဖြိုးနေဆဲကလေး ငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက် မိခင်များ၊ သက်ကြီးရွယ်အိုများ၊ နာလန်ထ လူနာများ၊ သွေးဆုံးပြီး အမျိုးသမီးများ၊ အာဟာရချို့တဲ့သူများ သုံးစွဲရန်လိုအပ်နိုင် ပါသည်။ ဆေးပညာရှင်များသည် အား ဆေးလိုအပ်သော လူနာများအား အား ဆေးမှီဝဲရန် ညွှန်ကြားလေ့ရှိပါသည်။

တချို့လူနာများသည် အားဆေးကို ဖျားနာစဉ်နှင့်သွေးတိုးနေစဉ်အချိန်များတွင် မသောက်ဘဲနေတတ်ကြသည်။ ဖျားနေ စဉ် အားဆေးသောက်က အဖျားပိုဆိုးပြီး အချိန်ပိုကြာမည်ဟု ထင်မှတ်မှားနေကြ သည်။ သွေးတိုးရောဂါ သို့မဟုတ် သွေး တိုးစဉ် အားဆေးသောက်ပါက သွေးတိုး ရောဂါပိုဆိုးမည်ကို စိုးရိမ်တတ်ကြသည်။

ဖျားနာစဉ် အားဆေးသောက်သဖြင့် အဖျားပိုဆိုးမည်မဟုတ်ပါ။ အဖျားပိုကြာ မည်မဟုတ်ပါ။ ဗီတာမင်နှင့်သတ္တုဓာတ် များသည် ခန္ဓာကိုယ်ခုခံစွမ်းအားကို ပိုမို မြှင့်တင်ပေးနိုင်သဖြင့် ရောဂါဝေဒနာများ လျင်မြန်စွာပျောက်ကင်းနိုင်မည်ဖြစ်သည်။

အားဆေးသည် သွေးဖိအားအပေါ် လွှမ်းမိုးမှုမရှိနိုင်ပါ။ အားဆေးတွင် အဓိက ပါသည်မှာဗီတာမင်များနှင့်သတ္တုဓာတ်များ ဖြစ်သည်။ ဗီတာမင်များသည် ခန္ဓာကိုယ် အတွက် မရှိမဖြစ်လိုအပ်သော အာဟာရ ဖြစ်သည်။ ဗီတာမင်များကို သက်စောင့် ဓာတ်ဟုပင်ခေါ်ပါသည်။ ဗီတာမင်များ ကြောင့် သွေးအားကောင်းမွန်စေနိုင်သည်။ သွေးအားကောင်းခြင်းနှင့်သွေးဖိအားတက် ခြင်းကို ရောနှောမှားယွင်းစွာ သဘော မပေါက်ရန်လိုအပ်ပါသည်။

သွေးဖိအားမှာ သွေးကြောများ၏ နံရံ သို့ သွေးမှာတွန်းနေသောတွန်းအား(ဖိ အား)ဖြစ်သည်။ ရူပဗေဒသဘောအရ Hydrostatic Pressure ဖြစ်သည်။ သွေးအားကောင်းခြင်း၊ မကောင်းခြင်းမှာ သွေး၌ရှိသော သွေးနီဥအရေအတွက် သို့မဟုတ် ဟေမိုဂလိုဘင်ပမာဏဖြစ် သည်။ သွေးနီဥ သို့မဟုတ် ဟေမိုဂလိုဘင် တည်ဆောက်ရန်အတွက် ဗီတာမင်နှင့် သတ္တုဓာတ်များလိုသည်။ သွေးအားနည်း သူများအား လိုအပ်ပါက အားဆေးတိုက် ကျွေးကြရသည်။

အားဆေးကြောင့် သွေးဖိအားတက် မည်မဟုတ်ပါ။ ဆိုဒီယမ်သည် သတ္တုဓာတ် (ဆားဓာတ်)ဖြစ်ပြီး သွေးဖိအားမြင့်တက် စေနိုင်သည်။ သို့သော် ဆားဓာတ်မှာ သာမန်အားဖြင့် စားသုံးမှုတွင်ပင် ပိုလွန်း နေသဖြင့် လျှော့စားရန် တိုက်တွန်းနေကြ ရသည်။ အားဆေးများတွင်ပါသော သတ္တု ဓာတ်များမှာ သွေးဖိအားကိုမြင့်တက်စေ ခြင်းမရှိပေ။ အားဆေးတွင်ပါသော ဗီတာ မင်နှင့်သတ္တုဓာတ်များကြောင့် သွေးတိုး ခြင်းပိုမို၍ ဆိုးသွားစေမည်မဟုတ်ပါ။

ဖျားနာစဉ်နှင့်သွေးတိုးနေစဉ် ဆရာ ဝန်များက မှန်မှန်သောက်ရန် ညွှန်ကြား ထားသော အားဆေးများကိုဆက်လက် မသောက်ဘဲ ရပ်တန့်ထားတတ်ကြသည်။ ဖျားနာစဉ် အားဆေးသောက်နိုင်ပါသည်။ သွေးတိုးနေစဉ်လည်း အားဆေးမှီဝဲနိုင်ပါ သည်။ အားဆေးသောက်၍ အဖျားပိုမဆိုး ပါ။ ပို၍ အချိန်မကြာပါ။ အားဆေး သောက်၍ သွေးတိုးရောဂါပိုဆိုးမည်၊ သွေး ဖိအား ပိုတက်မည်မဟုတ်ပါ။

လူတစ်ယောက် ကိုယ်အပူချိန်တက် လျှင်(ဖျားလျှင်)ခြွင်းချက်တချို့မှအပ ပုံမှန် အစားအစာများ ဆက်လက် စားသုံးနိုင်ပါသည်။ စားသုံးသင့်ပါ သည်။
ဖျားနေစဉ် အားဆေးသောက်နိုင်ပါ သည်။
သွေးတိုးနေစဉ်(သွေးတိုးရောဂါ ရှိ သူများ)အားဆေးသောက်နိုင်ပါသည်။
အားဆေးပင်လျှင် ဆေးပညာရှင်နှင့် တိုင်ပင်ပြီး လိုအပ်မှသာ သောက်ပါ။

ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)
M.B.,B.S, D.A Psychology, Dip.Med.Sc.Gp (Family Medicine), MPA: DAE.,

Read More...

Thursday, September 6, 2007

Core2Duo or Dual-Core

C
Core 2 Duo is a brand name by Intel.
Dual-Core is a generic description meaning two separate physical cores in one chip package.
(any processor package with two physical CPUs in one)


The Pentium D, Core Duo, Core 2 Duo and Athlon X2 are all current CPUs that have dual cores in one package.

The Pentium D is simply two Pentium 4 Prescott cpus inefficiently paired together and ran as dual core.

The Core Duo is Intel's first generation dual core processor based upon the Pentium M (a Pentium III-4 hybrid) made mostly for laptops (though a few motherboard manufacturers have released desktop boards supporting the Core Duo CPU), and is much more efficiently than Pentium D.

The Core 2 Duo is Intel's second generation (hence, Core 2) processor made for desktops and laptops designed from the ground up to be fast while not consuming nearly as much power as previous CPUs.

Read More...